Saturday 9 January 2016

Global witness on Burmese jade trade--

ကိုအား မာန်အောင်'s photo.
1 hr ·
ကိုအား မာန်အောင် to နိုင်ငံရေးသတင်းနှင့်စကားဝိုင်း
ဤသတင်းကိုဖတ်ပြီးလျှင် သင် ဆုံးဖြတ်နိုင်ပါပြီ
Global Witness ဆိုတဲ့အဖွဲ့ကတော့ မြန်မာနိုင်
ငံရဲ့ကျောက်စိမ်းအရှုပ်တော်ပုံကြီးအကြောင်းဖွင့်
ချလိုက်ပါပြီ..
ဆင်းရဲမွဲတေနေတဲ့နိုင်ငံမှာ အာဏာပိုင်တွေနဲ့သူ
တို့အသိုင်းအဝိုင်းတွေနှစ်စဉ်ခွဲဝေယူနေတဲ့ငွေ
ကြေးပမာဏက တစ်နှစ်ကိုအမေရိကန်ဒေါ်လာ
၃၀ဘီလျှံဝန်းကျင်..
ကြောက်ခမန်းလိလိပမာဏ..
သြော် လုပ်ရက်ကြပါပေ့...
အဲ့ဒါကြောင့်လဲ အာဏာကိုသားစဉ်မြေးစက်ယူချင်
နေကြတာကိုး...
Global Witness ဆိုလို့ နယ်ချဲ့လက်ပါးစေအဖွဲ့
မဟုတ်ဘူးနော် ဗြိတိန်နိုင်ငံမှာအခြေစိုက်တာမှန်
ပေမဲ့ အစိုးရပါဝင်ပတ်သက်မှုမရှိတဲ့အဖွဲ့..
၁၉၉၃ကတည်းကစဖွဲ့ခဲ့တာ..
သမာသမတ်ကျတယ်လို့သမ္မတကြီးဦးသိန်းစိန်
ကိုယ်တိုင်ကလေးစားအားကိုးနေတဲ့နော်ဝေနိုင်
ငံကထောက်ပံ့ပေးထားတဲ့အဖွဲ့...
အခြားပုဂ္ဂလိကလှူဒါန်းငွေတွေနဲ့လွပ်လပ်စွာရပ်
တည်နေတဲ့အဖွဲ့ပါ..
သူတို့အဖွဲ့ရဲ့ရည်ရွယ်ချက်က တစ်ကမ္ဘ္ဘာလုံး မှာ
သဘာဝသယံဇာတတွေကြောင့်ဖြစ်ပေါ်နေတဲ့
အာဏာသိမ်းမှုတွေ စစ်ပွဲတွေ အကျင့်ပျက်ခြစား
မှုတွေ လူမဆန်မှုတွေကိုဖော်ထုတ်ပေးဖို့ပါပဲ..
နိုင်ငံတကာအသိအမှတ်ပြုဆုတံဆိပ်တွေလည်း
ရထားတဲ့အဖွဲ့ပါ..
မြန်မာနိုင်ငံအတွင်းမှာတနှစ်ကျော်ဝင်ရောက်လေ့
လာပြီးတော့ ကျောက်စိမ်းလောကကိုအာဏာရှင်
တွေဘယ်လိုထိန်းချုပ်ပြီးကြီးပွားနေကြလဲဆိုတာ
ဖွင့်ချလိုက်တာပါ..
ပါဝင်ထိန်းချုပ်နေတဲ့လူတွေက

ဦးသန်းရွှေနဲ့မိသားစု..
စစ်ဗိုလ်ချုပ်ဟောင်းများ..
အစိုးရအဖွဲ့ဝန်ကြီးများ..
ကြံ့ဖွတ်ပါတီခေါင်းဆောင်များ..
တပ်မတော်ရဲ့ဦးပိုင်လုပ်ငန်းနဲ့
ခရိုနီတွေ မူးယစ်ရာဇာတွေပေါ့...
မြန်မာပြည်သူတွေနေစရာအိမ်မရှိလို့လမ်းဘေး
တဲထိုးနေရချိန်မှာ..
နိုင်ငံခြားတိုင်းပြည်တွေမှာ အိမ်ဖော်အလုပ်အပါအဝင်ရရာအလုပ်ကိုလုပ်လို့
ကျွန်ဖြစ်ခံနေရချိန်မှာ..
သူတို့ရဲ့တနှစ်ဝင်ငွေက အမေရိကန်ဒေါ်လာ၃၀ဘီလျှံ..
ဒေါ်လာတစ်သန်းကိုတောင် မြန်မာငွေသိန်းတစ်
သောင်းနှစ်ထောင်လောက်ရှိတယ်ဆိုတော့
(၃၀ဘီလျှံ)ဒေါ်လာသန်းသုံးသောင်းဆိုတော့
တွက်သာကြည့်လိုက်တော့..
ဒါတောင်တနှစ်စာပဲရှိသေးတယ်
သူတို့အုပ်ချုပ်ခဲ့တာကနှစ်ပေါင်း ၃၀နီးပါး..
တနှစ်စာဝင်ငွေကိုပဲတွက်ကြည့်ရင်တောင်
ဆင်းရဲနွမ်းပါးမှုလျော့ချနေပါတယ်ဆိုတဲ့သမ္မတ
ကြီးက တစ်ကယ်စေတနာရှိရင် နေစရာမရှိတဲ့
ဆင်းရဲသားတွေအတွက် သိန်း၁၀၀တန်တိုက်ခန်း
ပေါင်း အခန်းသိန်းသုံးဆယ်အလကားဆောက်
ပေးလို့ရတဲ့ပမာဏ..
ခေါတ်မှီတပ်မတော်တည်ဆောက်နေပါတယ်ဆို
တဲ့သူတွေအတွက် တကယ်ဖြစ်စေချင်ရင်
တနှစ်ကို MIG29တိုက်လေယာဉ်အစီးတစ်ထောင်
လောက်ဝယ်လို့ရတဲ့ပမာဏ..
တစ်တိုင်းပြည်လုံးကိုအခမဲ့ဆေးကုပေးရုံတင်မက
ဘူး ထမင်းပါကျွေးထားလို့ရတဲ့ပမာဏ..
စစ်သားတွေမြေပြင်ပေါ်မှာမိုးကာစခင်းပြီးထမင်း
အဖြူသည်စားရစရာအကြောင်းမရှိတဲ့ပမာဏ..
အဲ့ဒါတွေကကျနော်တို့ပြည်သူတွေအားလုံးပိုင်
တဲ့မြေ..
ကျနော်တို့အားလုံးပိုင်တဲ့သယံဇာတ..
ဆင်းရဲသားပြည်သူတွေအပါအဝင် အားလုံးရဲ့ရ
ပိုင်ခွင့်..
အခုတော့ခွေးသူခိုးတွေကသူတို့အိပ်ထဲပဲအပိုင်
ထည့်နေကြလေရဲ့..
ရိုးသားပါတယ်ဆိုတဲ့သမ္မတကြီးက ဒါတွေကိုသိ
နေမြင်နေရက်နဲ့ဘာလို့များမှိန်းနေခဲ့တာလဲ..
သမ္မတဆက်လုပ်ချင်နေတာကသူတို့ကိုဆက်ပြီး
လုပ်ပိုင်ခွင့်ပေးချင်လို့ အကာအကွယ်ပေးချင်လို့
ထင်ပါရဲ့..
ဆက်ပြီးထောက်ခံပေးလိုက်ကြပါဦး
စစ်သားတွေလည်းဒန်အိုးဖုံးပေါ်မှာထမင်းဖြူဆက်
စားပြီး..
ပြည်သူပြည်သားတွေလည်းမလေးကိုသွားလို့
ကျွန်ဆက်ခံကြတာပေါ့..

DVB debate land grabbing--

https://www.youtube.com/watch?v=OGhHychKSzg

Fr VOA--report from Hpakant jade mines --

Oo Hla Oo
ကချင်ဝန်ကြီးချုပ်ကို ခေါ်ယူ စုံစမ်းနေချိန်
ကျောက်တူးကားများ ဝင်ရောက်မှု ရပ်ဆိုင်း
Voice of America / 10 hours ago
ဖားကန့်ဒေသ ကျောက်စိမ်းတူးဖော်မှုနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် ဝန်ကြီးချုပ် ကို နေပြည်တော်ကို ခေါ်ယူစစ်ဆေးနေချိန်မှာ ဖားကန့်ဒေသအတွင်းကို တင်သွင်းနေတဲ့ မြေသယ်ကားတွေနဲ့ မြေတူးစက်တွေ ၀င်ရောက်လာတာ ရပ်ဆိုင်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီလို တူုးဖော်ရေးယာဉ်နဲ့ ယန္တရားတွေ တင်သွင်းတာရပ်ဆိုင်းပေမဲ့ ကျောက်တူးဖော်နေတာတွေကတော့ အရင်လိုပဲ ရှိနေဆဲလို့ ပြောပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။ ဒီနှစ်ပွင့်လင်းရာသီ ဖားကန့်ဒေသ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေ စတင်ချိန်မှာ ခါတိုင်းနှစ်တွေနဲ့ မတူဘဲ တရုတ်နိုင်ငံဖက်ကနေ မြေသယ်ကားတွေ၊ တူးဖော်ရေး ယန္တရားတွေ အလုံးအရင်းနဲ့ တင်သွင်းလာခဲ့တာပါ။ ဒီလို တင်သွင်း လာတာ၊ ကျောက်စိမ်း အလွန်အကျွံ တူးဖော်တာနဲ့ ဖားကန့်ဒေသမှာ မြေစာပုံပြိုကျ တာကြောင့် လူတွေ ရာနဲ့ချီသေဆုံးတာကြောင့် ဝေဖန်သံတွေ ထွက်ပေါ်လာ တဲ့နောက်မှာ ကချင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြည်နယ်ဝန်ကြီးတချို့ကို ခေါ်ယူ စစ်ဆေးနေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ လောလောဆည်မှာတော့ နိုင်ငံတော်သမ္မတရုံးညွှန်ကြားရေးမှုး ဦးဇော်ဌေးက ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းကို စစ်ဆေးဆောင်ရွက်နေဆဲဖြစ်ကြောင်း သတင်းမီဒီယာတွေကို ပြောကြားခဲ့ပါတယ်။ ပြည်နယ်ဝန်ကြီးချုပ်ကို စစ်ဆေးနေချိန်မှာတော့ ဖားကန့်ဒေသ မှာ ကျောက်စိမ်း တူးဖော်ရေးဆိုင်ရာ ယာဉ်တွေ၊ ယန္တရားတွေ တင်သွင်းတာဟာ သိသိသာသာလျော့ ကျ သွားတယ်လို့ ဖားကန့်ဒေသက အလွတ် သတင်းထောက် တဦးဖြစ်တဲ့ ကိုဇော်မိုးထက်က ပြောပါတယ်။ "ကားဝင်တာကတော့ မရှိတော့ဘူးခင်ဗျ။ ကျနော်တို့ မတွေ့တော့ ဘူး လောလောဆယ်။ " တရုတ်နယ်စပ်ကနေ တဆင့် မြစ်ကြီးနားဖက်ကနေ ယာဉ်၊ ယန္တရားတွေ တင်သွင်းတာ ရပ်ဆိုင်းနေပေမဲ့ တူးဖော်တာတွေကတော့ အရင်အတိုင်း ရှိနေဆဲလို့ ပြောပါတယ်။ " လက်ရှိကတော့ ပုံမှန် ကုမ္ပဏီတွေ သွားနေတယ် လာနေတယ်။ တူးနေ တယ် ဖော်နေ တယ်ပေါ့ဗျာ။ ကျနော်တို့ အရင်တွေ့မြင်နေကျ ပုံစံ အတိုင်းပဲ တွေ့နေရ တာပါ။ နောက်ပြီး ပြည်ထောင်စုဝန်ကြီး ဒုဝန်ကြီး ဦးဝင်းထွန်း လာတဲ့ အချိန်မှာတော့ ဒီကုမ္ပဏီတွေ ခဏ ရပ်နား ထားခိုင်းတာရယ် နောက် ဒီ တရားမဝင် လုပ်ငန်းတွေပေါ့ မူးယစ်ဆေးဝါး ရောင်းဝယ်တာမျိုး ပြည့်တန်ဆာခန်း အနှိပ်ခန်းတို့ လို ဟာမျိုးတွေ လောင်းကစားလို ဟာမျိုးတွေ ရပ်ခိုင်းထားတာပဲ ရှိပါတယ်။ ကျန်တာကတော့ ပုံမှန်အတိုင်း ဒီအတိုင်းပါပဲ။ ပြန်သွားပြီးတဲ့နောက်ပိုင်း ဒီအတိုင်း ပုံမှန်ပဲ တူးကြတာပါပဲ။ " ဖားကန့်မြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်စိုးကလည်း ယာဉ်၊ ယန္တရားတွေ တင်သွင်းတာတွေ မတွေ့ရတော့ကြောင်း ပြောဆိုပြီး တူးဖော် ထုတ်လုပ်တာတွေကတော့ ၂၄နာရီအချိန်ပြည့် ဆောင်ရွက်နေတယ် လို့ အခုလို ပြောပါတယ်။ "အသည်းအသန် လုပ်နေတာတွေကတော့ နည်းနည်းမှ မလျှော့သေးဘူး။ ၂၄နာရီပတ်လုံး ကုမ္ပဏီတိုင်းလိုလို ၂၄ နာရီ အလုပ်လုပ်တယ်။ ကုမ္ပဏီတခုကို အနည်းဆုံး ကားအစီး ရာနဲ့ချီ သုံးတယ်။ အနည်းဆုံး တစ်ရာကျော်၊ နှစ်ရာ၊ သုံးရာ မြေသယ်ကားတွေ ဘက်ဖိုးတွေကလည်း နည်းတာမဟုတ်ဘူး။ အစီး သုံးလေး ငါးဆယ် အသည်းအသန် လုပ်နေတာ။ ၂၄ နာရီ လုပ်နေတာနော်။ ၂၄နာရီ လုပ်နေတဲ့နေရာမှာ ကားတွေက ဘယ်လောက်အထိအောင် များသလဲဆိုရင် ကားတစ်စီးနဲ့ တစ်စီးဟာ စက္ကန့်မလပ်ဘူး ထွက်နေတာ။ မြေစာသယ်ကားကြီးတွေ လည်း ကြည့်လိုက်မယ်ဆိုရင် အနည်းဆုံးက တန် ခြောက်ဆယ်ကျော် ကနေ တန်တစ်ရာကျော် အထိ ကားတွေချည်းပဲ။ နှစ်ပေါင်းငါးဆယ် သမားရိုးကျ လုပ်ခဲ့တာဟာ အခုတစ်လတည်း လုပ်တာနဲ့ညီမျှအောင် အဲ့လောက်အထိအောင်ကို လုပ်နေတာ။ အဲ့လောက်ကြီး ကြောက်စရာကောင်းအောင်ကို လုပ်နေကြတာ။" ဒီလို တူးဖော်ဆောင်ရွက်နေချိန်မှာ မတော်တဆ ထိခိုက်သေဆုံး တာတွေ ဟာ နေ့စဉ်ရက်ဆက်ဖြစ်ပေါ်နေတယ်လို့လည်း ဦးတင်စိုးက ဆက်ပြောပါတယ်။ "သေနေတာ နေ့တိုင်းလို သေနေတယ်ဗျာ။ ဒီနေ့ကိုပဲ မြေစာ ထပ်ပြိုတယ်။ ပြိုတာကလည်း လုံးခင်း အုပ်စု၊ လုံးခင်း အုပ်စုထဲမှာ ကျနော် သွားကြည့်တယ်။ ဘေးက လူ မျက်မြင်တွေရဲ့ ပြောကြားချက်အရ လူ ၁၀ယောက်နဲ့ ၁၅ယောက်ကြားတော့ ပါသွားတယ်လို့ ကျနော်တို့ သိရတယ်။ ဒါပေမဲ့ ကယ်ဆယ်ရေးတွေ ပြန်လည်တူးဖော်မှု ဘာမှ မလုပ်သေးဘူး ကျနော် နေ့လည် ၁၂နာရီမှာ ပြန်လာတယ်။ မြေစာပုံ ပြိုလို့ သေတယ်။ မြေစာပုံမှာ ခဲမှန်လို့ သေတယ်။ အခုပြောနေတဲ့ အချင်းအရာက ကျနော့် လုံးခင်း တခုတည်းအတွက်ပဲ ပြောနေတာ။ အခြား အခြားမှော်တွေမှာ ဖြစ်တာမဟုတ်ဘူး။ ကျနော့် လုံးခင်းမှာ ပဲ နေ့စဉ်ရက်ဆက်ဆိုသလို သေနေတယ်။ ဒီရက်ပိုင်းမှာကိုပဲ ဆယ်ယောက်လောက် ရှိနေပြီ သေနေတာ။ တပတ်အတောအတွင်းမှာကို။" ဖားကန့်ဒေသအတွင်းမှာ မြေစာပုံပြိုကျပြီး လူရာနဲ့ချီ သေဆုံးရတာ၊ စက် ယန္တရားကြီးတွေ သုံးပြီး အလွန် အကျွံကျောက်စိမ်း တူးဖော်နေ တာတွေကြောင့် ပြည်ထောင်စု လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း က နိုင်ငံတော်သမ္မတဆီကို သ၀ဏ်လွှာပေးပို့ခဲ့ရသလို အစိုးရကလည်း ဖားကန့်ဒေသကို သွားရောက်စစ်ဆေးဆောင်ရွက်တာတွေ ရှိခဲ့ပါတယ်။