KyiMayKaungBurmese

Friday, 1 March 2013

so-called reformer U Thein Sein hems and haws in Helsinki, Finland -


From Ko Nyo on Facebook - + contact numbers for demonstration - It is now -15 degrees F in Helsinki.
  • ဖင်လန် သမတ အမေး သမ္မတ ဦးသိန်းစိန် မဖြေ..။
    ဒီနေ့ သမ္မတဦးသိန်းစိန်နဲ့ အဖွဲ့ ဖင်လန် ကိုရောက်တယ်။
    ဖင်လန် သမတ နဲ့ နှုတ်ဆက်ဂါရ၀ပြုရင်း ဖင်လန် သမ္မတ က “ ၂၀၁၅ရွေးကောက်ပွဲ ကျရင် စစ်တပ်ကယူထားတဲ့ လွှတ်တော်ထဲက ကိုယ်စားလှယ်ရာခိုင်နှုံးကို စွန့်လွှတ်ဖို့ရှိသလား” လို့ မေးပါတယ်။ သမ္မတ ဦးသိန်းစိန်က ရှင်းရှင်းမေးတာ တည့်တည့်မဖြေဖူး။ “အင်း အဲ...အီးဟိုဟာ..ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို ကျနော်တို့ လုပ်နေပါတယ်။ ဗမာပြည်အပြောင်းအလဲက နှေးပါတယ်..ဖြေးဖြေးချင်းပေါ့” လို့ အရူးလိုဖြေသွားတယ်။ သေချာတာကတော့..ဒီအစိုးရ လိမ်နေပြီး။“ သိန်းစိန်လူလိမ်” လို့ကျနော်တို့အော်စလိုမှာ ကမ္ဘာသိ အော်ပြောခဲ့တာ အတိအကျပဲ။ သူလိမ်နေတာမှန်း ဖင်လန်ပြည်သူတွေကို နက်ဖန် အဲဒီက မြန်မာမျိုးချစ်တွေက ဆန္ဒပြပြီးပြောအုံးမှာ။ ဖင်လန်မှာ သိတ်အေးတယ်။ နက်ဖန် အနှုတ်၁၅ အထိရှိတယ်။ ဒါတောင်ဆန္ဒပြမဲ့သူ ၅၀ကျော် လာမယ်။ အဝေးမြို့တွေကတောင် သွားပြကြမှာ။
    အောက်မှာအစီအစဉ်ရေးထားတယ်။ ဖုံးဆက်မေးမြန်းစုံစမ်းသတင်းယူလို့ရတယ်။

    ဖင်လန်နိုင်ငံသို့ မနက်ဖန်တွင် ရောက်ရှိမည့် ဦးသိန်းစိန် အစိုးရအဖွဲ့၏ နိုင်ငံတကာလှည့်လည် လိမ်လည်ရေး (၁ - ၃ ၊ ၃၊ ၂၀၁၃) ခရီးစဉ်အား ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖေါ်မည့် ချီတက်ပွဲအား ၂၊ ၃၊ ၂၀၁၃ နံနက် ၁၁ နာရီတိတိတွင် ဟဲလ်ဆင်းကီးမြို့ ပြည်သူ့လွှတ်တော်ရှေ့မှ ဟဲလ်ဆင်ကီး မြို့လယ် ရင်ပြင်သို့ ချီတက် မည်ဖြစ်ကြောင်း ရပ်နီးရပ်ဝေးမှ စိတ်တူသဘောတူများအား ဖိတ်ကြားအပ်ပါသည်။

    ဆက်သွယ်ရန် ဖုံးနံပါတ်များ
    ကိုသန့်ဇင်ထွန်း +358 50 572 1630
    ကိုမင်းလွင် + 358 46 5569 972
    ကိုကျော်ဌေး + 358 40 9612 090
    ကိုငြိမ်းချမ်း + 358 44 0888 016

Kyi May at 19:28
Share

No comments:

Post a Comment

‹
›
Home
View web version

Contributors

  • Kay
  • Kyi May
  • nyinyiyannaing
Powered by Blogger.