Monday 30 June 2014

My complete writing profile in Burmese--translated by Dr. Khin Saw Nyein-



         အမေရိကန်ပြည်ထောင်စုခြေစိုက် မြန်မာအမေရိကန် ကြည်မေကောင်းသည် တတိယနှင့်စတုတ္ထကမ္ဘာများရှိ လူမှုဘ၀များကို စူးစူရှ၇ှသရုပ်ဖော်ရေးသားခြင်းအတွက် အသိအမှတ်ပြုခြင်း ခံရသူဖြစ်သည်။ ထို့အပြင် အများနှင့်မတူသော ဆန်းပြားသည့် ရှုထောင့်မှ ရေးသားတင်ပြခြင်းကိုလည်း တွေ့ရသည်။ The Lovers ၀တ္ထုတွင် ခုနှစ်လွှာချွတ်၍ ကပြခြင်းဖြင့် ၀င်ငွေရှာသူ တဦး၏ ရှုထောင့်မှ တင်ပြခြင်း၊ Beast ၀တ္ထုတွင် လူသားမင်းသမီးအား ချစ်ခင်မိသော ခြင်္သေ့ဧ။် အကြောင်းကို ရေးသားထားခြင်းတို့ကို တွေ့ရသည်။
        သူမသည် အမေရိကန်စာဆိုများ အကယ်ဒမီ (The Academy of American Poets) မှ ချီးမြှင့်သော William Carlos Williams ဆုကိုရရှိခဲ့သည့်အပြင် ပင်စီလ်ဗေးနီးယား အနုပညာကောင်စီ (Pennsylvania Council on the Arts ) မှချီးမြှင့်သော ဆုကို Shaman ( နတ်ကတော်) ပြဇာတ်အတွက် ရရှိခဲ့သည်။ ထို ဆုကို ဇာတ်လမ်းကျောရိုးအဖြင့် စာပိုဒ်တပိုဒ် ရေးတင်စဉ်ကပင် ရရှိခဲ့ခြင်းဖြစ်သည်။ ထို Shaman ပြဇာတ်ကို ဝါရှင်တန်ဒီစီတွင် သရုပ်ဆောင်သူများက ဇာတ်ညွှန်းကိုင်၍ ဖတ်ခြင်းအဆင့်သို့ ရောက်ရှိခဲ့ပြီး ဖြစ်သည်။
        သူမသည် Wolf အမည်ရှိ လုံးချင်းဝတ္ထု၊ ၀တ္ထုတိုများ၊ ၀တ္ထုလတ်များ၊ တဦးတည်း ပြောဆိုခြင်း (monologues ) တို့ကို ရေးသားခဲ့သည့်အပြင်၊ Edward Albee က ချီးကျုးခြင်းခံရသော Shaman ပြဇာတ်နှင့် ဇာတ်ညွှန်းတို့ကိုလည်း ရေးသားခဲ့သည်။
        သူမသည် ကဗျာများလည်း ရေးသားပြီး မြောက်အမေရိကား၊ ဥရောပနှင့် အရှေ့တောင်အာရှနိုင်ငံများတွင် မိမိကဗျာများကို ကိုယ်တိုင် ရွတ်ဆိုသည့် ပွဲပေါင်းများစွားကိုလည်း ပြုလုပ်ခဲ့ပြီးဖြစ်သည်။ သူမသည် Pelted with Petals: The Burmese Poems နှင့် Tibetan Tanka အမည်ရှိ ကဗျာစာအုပ်နှစ်အုပ်ကို ထုတ်ဝေခဲ့ပြီး၊ ဆက်လက်၍ ကဗျာစာအုပ်များ ထုတ်ဝေရန်လည်း စီစဉ်လျက်ရှိသည်။
        ကြည်မေကောင်းသည် Shee-Monkey Goes West (ရှီမျောက် အနောက်သို့သွားခြင်း ) ခေါင်းစဉ်ဖြင့်ေ၇းသားထားသော စကားပြေနှင့် ကဗျာအတွက်လည်းကောင်း၊ Shaman ပြဇာတ်အတွက်လည်းကောင်း၊ Pew စာပေဆု နောက်ဆုံးဇကာတင် အဆင့်အထိ ရောက်ရှိခဲ့သူဖြစ်သည်။
        သူမသည် ပြည်ပရောက် မြန်မာဒီမိုကရေစီ လှုပ်ရှားမှုများအတွက် ( ၁၃) နှစ်တိုင်တိုင် ဆောင်ရွက်ခဲ့သည်သာမက၊ မြန်မာနိုင်ငံသို့ အပြည်ပြည်ဆိုင်ရာမှ ထုတ်လွှင့်သည့် အစီအစဉ်တွင်လည်း Senior Analyst အဖြစ် ၁၉၉၇ မှ ၂၀၀၁ အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် ပြည်ပရောက် မြန်မာနိုင်ငံ ဒီမိုကရေစီ အစိုးရနှင့် ဆက်နွယ်သည့် မြန်မာနိုင်ငံ ရန်ပုံငွေ (The Burma Fund) အတွက် Senior Analyst အဖြစ် ဆောင်ရွက်ခဲ့သည်။
        ကြည်မေကောင်းသည် ဖီလ်ဒဲလ်ဖီးယား (Philadelphia) မြို့ရှိ ပင်ဆီလ်ဗေးနီးယား တက္ကသိုလ် (University of Pennsylvania ) မှ M.A. ဘွဲ့ကို မြို့ပြစီမံကိန်း (City Planning) ဘာသာရပ်ဖြင့်လည်းကောင်း၊ Ph.D. ဘွဲ့ကို နိုင်ငံရေး ဘောဂဗေဒ (Political Economy) ဘာသာရပ်ဖြင့်လည်းကောင်း ရရှိခဲ့သည်။
        သူမဧ။် စာပေများတွင် ရေးသားထားသည့် အကြောင်းအရာများနှင့် ပတ်သက်၍ နက်နက်နဲနဲ နားလည်သဘာပေါက်မှုများက သူမ၏ ပညာရေး အဆင့်ကို ဖော်ပြလျက်ရှိသည်။

No comments:

Post a Comment