Tuesday 1 March 2016

Copied and pasted from Facebook

ကျော် ဇေ ယျ added 4 new photos — with Aung Kyaw Hein and 47 others. ဖြေကြည့်ပါ
________
၁။ လက်ရှိ ကျနော်တို့နိုင်ငံ
ဆင်းရဲနေတယ်။
ကမ္ဘာမှာ ဓားမနောက်ပိတ်ခွေး
ဖွံ့ဖြိုးမှု နောက်အကျဆုံးဖြစ်နေတယ်။

လျှပ်စစ်မီးတောင်
ကောင်းကောင်းမရတဲ့ မြို့တွေ။
ကျန်းမာရေး ပညာရေး
လမ်းပန်းဆက်သွယ်ရေး
အဘက်ဘက်က နိမ့်ကျနေတယ်။
ဒါ ဟုတ်လား မဟုတ်ဘူးလား?
၂။ ဒါကို
ဘယ်သူ့ကြောင့် ဘယ်ဝါ့ကြောင့်
ဘာကြောင့် ညာကြောင့်
အပြစ်တင်မနေချင်တော့ဘူး။
အဲ့ဒီအဖြစ်က
ပြောင်းလဲလွတ်မြောက်ချင်တယ်။
ခုလို ကမ္ဘာ့အဆင်းရဲဆုံးစာရင်းဝင်
ဖြစ်နေရတာကြီး ရှက်တယ်။
ဒါ ပြောင်းကိုပြောင်းရမယ့်ကိစ္စ
မဟုတ်ဘူးလား?
၃။ တိုင်းပြည်မွဲနေတော့
အဘက်ဘက်က မထွန်းကားနိုင်
မပံ့ပိုးနိုင် မဖြည့်ဆည်းနိုင်။
လူတွေ မသေသင့်ပဲ သေကြတယ်။
လူတွေ တိုင်းတစ်ပါးမှာ
အလုပ်ထွက်လုပ်ကြရတယ်။
လူတွေ အစွမ်းရှိသလောက်
ဖွံ့ဖြိုးခွင့် မရ။
ပိုက်ဆံရှိမှ စစ်အင်အားကအစ
တိုးချဲ့နိုင်မှာလေ။
တိုက်ချင်းပစ် ဒုံးပျံ ဘယ်နှစ်စင်း။
တိုက်လေယာဉ် ဘယ်နှစ်ရာ။
လေယာဉ်တင်သင်္ဘောအုပ်စု
ဘယ်နှစ်စု ဆိုတာမျိုးကအစ
တိုင်းပြည်မွဲနေရင် ဖြစ်မလား?
၎။ ဟုတ်ပြီ
ဒီတော့ ဒီတိုင်းပြည်
ဟော့ဒီကျနော်တို့ရဲ့ ငမွဲတိုင်းပြည်
ဖွံ့ဖြိုးဖို့ ချမ်းသာဖို့
လောလောဆယ်အခြေအနေမှာ
ဘယ်သူ့ကို ခေါင်းဆောင်တင်ကြမလဲ?
ဒီတော့ ထောက်ချင်သူတွေ ရှိမယ်
သွန်းနေ စိုး ဒီဘူတာပဲ ဆိုက်ပြန်ပြီ။
ဒေါ်စုအုပ်ချုပ်ဖို့ ပြောမလို့မဟုတ်လား
ဒေါ်စုအုပ်ချုပ်လို့ တိုင်းပြည်ချမ်းသာမယ်လို့
ကျိန်းသေအာမခံနိုင်လား …
စသဖြင့် မေးချင်ကြမယ်။
ကျနော်ရေးတာ သေချာပြန်ဖတ်ကြည့်ပါ။
- လောလောဆယ်အခြေအနေမှာ
- ကျနော်တို့တိုင်းပြည်
တိုးတက်ချမ်းသာသွားဖို့
- ခေါင်းဆောင်တင်မယ်ဆို
- ဒေါ်စုကလွဲလို့ ဘယ်သူရှိမလဲ?
စကားပမာဗျာ။
ဦးခင်ညွှန့်အုပ်ချုပ်လို့ ချမ်းသာသွားမလား?
ဦးသန်းရွှေ ပြန်အုပ်ချုပ်လို့ရော
ချမ်းသာမလား?
ဒါမှမဟုတ် ဖေ့ဘုတ်ပေါ်က
ဘောမတွေ စောက်ဆရာကြီးတွေ
ဘယ်သူအုပ်ချုပ် အုပ်ချုပ်
တိုင်းပြည်ချမ်းသာရင်ပြီးရောဗျာ။
နိုင်ငံတကာကို သြဇာလွှမ်းနိုင်မှုအရ
ဥာဏ်ပညာအရ
လောလောဆယ် 'နိုင်ငံရေးမှာ'
ဒေါ်စုကလွဲလို့
အတော်ဆုံးလူကို ရှာကြည့်။
(နိုင်ငံရေးမှာလို့ ပြောတယ်နော်။
နိုင်ငံရေးခေါင်းဆောင်တွေထဲမှာ ဆိုလိုတာ)
၅။ မလိုသူတွေက ပြောကြတယ်။
ဒေါ်စုအုပ်ချုပ်ရင်
မြန်မာမတွေပဲ ကုလားမယား
ဖြစ်တော့မလိုလို။
ဘာလဲ အတင်းဥပဒေထုတ်ပြီး
ကုလားနဲ့ မယူမနေရပြဌာန်းမှာမို့လား?
အခုရော ကုလားမယား
ဖြစ်နေတာတွေ မရှိဘူးလား?
တိုင်းပြည်ဆင်းရဲရင် ဖြစ်မှာပဲ။
သိပ်ဝေးဝေးမကြည့်နဲ့
ရန်ကုန်မြို့ မင်္ဂလာဈေးရဲ့
ညဘက် -ာဈေးကွက်ကိုသွားကြည့်
ကုလားမို့ မလိုက်ဘူးဆိုတာရှိလား?
(ကုလား ထောင်ထောင်မောင်းမောင်း
မုတ်ဆိတ်ထူလပျစ်ဆို
ကြောက်လို့ မလိုက်တာ
တစ်ယောက်စ နှစ်ယောက်စ ရှိကောင်းရှိမယ်။
မွတ်မို့ မလိုက်တာ ရှိမလား?)
အေး မြန်မာချင်းမလိုက်ဘူး
နိုင်ငံခြားသားမှ လိုက်မယ်ဆိုတာတွေပဲ
ပေါတာ။
ပြီးတော့ ငတုံးတွေက ပြောပြန်တယ်
ဒေါ်စု အုပ်ချုပ်ရင်ပဲ
တိုင်းတစ်ပါးသြဇာလွှမ်းတော့မလိုလို။
ခုရော???
တရုတ်က
တိုင်းတပါးဟုတ်လား မဟုတ်ဘူးလား?
သံရုံးသစ်ဖွင့်တာတောင်
အကြောင်းမကြားပဲနေတဲ့ကောင်တွေ။
ဘုရားပေါ် တက်ကနေတာ
ပြည်သူမကြိုက်တဲ့စီမံကိန်းတွေ
ဆက်မယ်ကြိမ်းဝါးနေတာ
ထိရဲလား? တို့ရဲ့လား?
အဲ့ဒါ သြဇာလွှမ်းတာ မဟုတ်ဘူးလား?
အခု ကျုပ်တို့အခြေနေက
သန်းခေါင့်ထက်
ညည့်မနက်တော့ပါဘူးဗျာ။
ဒီလောက် ဖွတ်ထက်ညစ်နေပြီ
ဘာကို စိုးရိမ်နေရဦးမှာလဲ?
ထပ်မေးမယ်
ခု အခြေနေမှာ
မြန်မာပြည် တိုးတက်ချမ်းသာဖို့
ခေါင်းဆောင်တင်ဖို့ရာ
ဒေါ်စုကလွဲပြီး သင့်တော်သူရှိရင် ပြ။
# သွန်းနေစိုး

No comments:

Post a Comment