Tuesday 28 February 2012

Important conversation between Aung San Suu Kyi and veteran Kachin Leader

Daw Inhpangyar-yar (spelled phonetically) met ASSK for dinner, and in response to ASSK's 2 Qs 1. on origins of KIO 2. why there is no reconciliation - related how Aung San came to Kachin first for historic Panglong Treaty and how other major ethnic groups signed because they signed - with guarantee given by AS that they could secede in 10 years. - however AS was assassinated and U Nu sold off Kachin territory to China (in 50s) - as for 17 year ceasefire, which is not "peace" yet, it was violated by SPDC. This is an informal summary - if you need more ask your (other) Burmese speakers to translate - to read the Burmese you need Zawgyi or other Burmese font. Daw Inhpangyaryar said they spoke for two hours, and ASSK listened so intently - as if it was all new to her, that "her neck seemed to be bent to one side." Daw Inhpangyaryar said she told Daw Suu, "Well, you were very young then and so you didn't know all this, and then you went overseas with your mother --" --- Those of you in the Burmese language media etc should have this translated and should follow up on this some more. As Stiglitz said, "National Reconciliation" has to come first. Kyi May Kaung --- On Tue, 2/28/12, xxx wrote: From: Subject: [8888peoplepower] Fwd: ဒေါ်အောင်ဆန်းစုကို ဒေါ်အင်ဖန်ဂျာရာ(ကချင်အတိုင်ပင်ခံအဖွဲ့ နာယက)ပြောခဲ့သောစကားများ [1 Attachment] To: Date: Tuesday, February 28, 2012, 4:43 AM [Attachment(s) from xxx included below] ---------- Forwarded message ---------- From: Date: Tue, Feb 28, 2012 at 4:36 PM Subject: Fwd: ဒေါ်အောင်ဆန်းစုကို ဒေါ်အင်ဖန်ဂျာရာ(ကချင်အတိုင်ပင်ခံအဖွဲ့ နာယက)ပြောခဲ့သောစကားများ To: ---------- Forwarded message ---------- From: Date: 2012/2/28 Subject: ဒေါ်အောင်ဆန်းစုကို ဒေါ်အင်ဖန်ဂျာရာ(ကချင်အတိုင်ပင်ခံအဖွဲ့ နာယက)ပြောခဲ့သောစကားများ To: YPI – ဒေါ်အောင်ဆန်းစုကြည် ကို ဒေါ်အင်ဖန်ဂျာရာ ပြောခဲ့တဲ့စကားတွေ ဒေါ်အောင်ဆန်းစုကြည် ကို ဒေါ်အင်ဖန်ဂျာရာ ပြောခဲ့တဲ့စကားတွေ by Yangon Press International on Saturday, 25 February 2012 at 08:25 · မြစ်ကြီးနား၊ ဖေဖေါ်ဝါရီ ၂၅၊ ၂၀၁၂ (YPI) (ဆိုင်းဆွတ်) ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့ ည ၈နာရီ မြစ်ကြီးနားမြို့ မနောကွင်း မဂျွယ်ခန်းမမှာ ကချင်ပြည်နယ်သို့ စည်းရုံးရေး ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်သား ခေါင်းဆောင်းများ၊ ဘာသာရေး ခေါင်းဆောင်များနဲ့ ညစာအတူစားခဲ့ကြပါတယ်။ ထိုစဉ်က ကချင်အတိုင်ပင်ခံအဖွဲ့ နာယက ဒေါ်အင်ဖန်ဂျာရာ နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပြောဆိုကြတဲ့အကြောင်းကို YPI သတင်းထောက်က ဒေါ်အင်ဖန်ဂျာရာကို မေးမြန်းထားပါတယ်။ ဒေါ်အင်ဖန်ဂျာရာ။ ။ ည ၈နာရီ ကနေ စပြီး ၁၀ နာရီ လောက်အထိ စကားပြောဖြစ်ခဲ့ပါတယ် သူက အဖွားကို မေးခွန်း နှစ်ခုပဲမေးပါတယ်။ အဲဒါတွေက ၁- KIA က ဘာလို့ဖြစ်လာတာလဲ ၂ – ဒီနေ့အထိ ဘာကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးလို့ မရသေးတာလဲ ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က မေးခဲ့ပါတယ်။ အရမ်းအရေးကြီးတဲ့ မေးခွန်တွေကို သူမေးခဲ့ပါတယ်။ ကျွန်မ ပြန်ပြောပြလိုက်ပါတယ်၊ အရင်ကတည်းက ကချင်နိုင်ငံဆိုပြီးရှိခဲ့တာပါ ဘယ်ဘုရင်ကမှ ဒီနေရာက ကချင်တွေအတွက်ဆိုပြီး ပေးထားတာမဟုတ်ပါဘူး၊ ကချင်တွေက ကိုယ်နေရာ ကိုယ့်နိုင်ငံ ကိုယ့်ဒေသနဲ့ ကိုယ် နေထိုင်ခဲ့ကြတဲ့သူတွေဖြစ်တယ်၊ ကိုယ့်နိုင်ငံ ကိုယ့်နေရာနဲ့ကိုယ်အုပ်ချုပ်ပြီး ငြိမ်ငြိမ်းချမ်းချမ်း နေထိုင်ခဲ့ ကြတာဖြစ်တယ်၊ ကျွန်မတို့ ကချင်လူမျိုးတွေဟ မြန်မာပြည်ဘက်ကိုလည်း မသွားဘူး မြန်မာလူမျိုးတွေကလည်း ကချင်လူမျိုးတွေကို တောသား လူရိုင်းတွေဆို ပြီး အရမ်းကြောက်ခဲ့တာ။ ဗြိတိသျှ အုပ်ချူပ်တုန်းက ကျွန်မတို့ ကချင်လူမျိုးတွေဟာ စစ်ရေးစစ်ရာ တိုက်ခိုက်တဲ့နေရာမှာ ကျွမ်းကျင်တဲ့ လူမျိုးတွေဖြစ်တယ်၊ ပထမ ကမ္ဘာစစ်နဲ့ ဒုတိယ ကမ္ဘာစစ် ဂျပန်ခေတ် တွေမှာ ကချင်လူမျိုးတွေ တော်တော်များများ ပါဝင် တိုက်ခိုက်ပါဝင်ခဲ့ကြတယ်၊ ဒီလိုနဲ့ ၁၉၄၇ ခုနှစ်မှာ ဗိုလ်ချူပ်အောင်ဆန်း ကချင်ပြည်နယ်ကိုတက်လာတာဖြစ်တယ်၊ ကျွန်မ က အဲဒီအချိန် ၁၅ ၊ ၁၆ နှစ်ဘဲရှိသေးတယ်၊ အဲဒီတုန်းက ကျွန်မ ကြိုဆိုဧည့်ခံရေး အဖွဲ့မှာပါဝင်ခဲ့တယ်၊ အခုကျွန်မ အသက် ၈၀ ကျော်ပြီလေ၊ ဗိုလ်ချူပ်အောင်ဆန်းက ဗြိတိသျှ တွေဆီက လွတ်လပ်ရေးရအောင်ဆိုပြီး တခြားလူမျိုးတွေဆီ မသွားပဲ ကချင်ပြည်နယ်ကို အရင်လာတာဖြစ်တယ်။ ကချင်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်၊ အစကတော့ လွတ်လပ်ရေးမှာ မပါဝင်ချင်ဘူး၊ ဒါပေမဲ့ အောင်ဆန်းက ကချင်တစ်ကျပ် ဆို မြန်မာတစ်ကျပ်ဆိုတဲ့ အခွင့်အရေးပေးမယ်ဆိုပြီး ပြည်ထောင်စုမူ အရ ကျွန်တော်တို့ယူကြမှပါ ခင်ဗျားတို့ မကြိုက်ရင်လည်း နောက် ၁၀နှစ်လောက်ဆို ပြန်ခွဲထွက်လို့ ရတယ်ဆိုလို့ ကချင်တွေ ပင်လုံစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့ကြတာပါ။ ကချင်တွေ ပင်လုံစာချုပ်ချုပ်ဖို့ သဘောတူလို့ ရှမ်းပြည်ကိုရောက်တယ် ရှမ်းတွေလည်း လွတ်လပ်ရေးကို မလိုချင်ကြဘူး ဒါပေမဲ့ ကချင်နောင်တော်ကြီးတွေတောင် သဘောတူတယ်ဆိုတော့ ဆိုပြီး ရှမ်းတွေလည်းသဘောတူ လက်မှတ်ရေးထိုးခဲ့ကြတယ်။ ပြီးတော့ ချင်းတွေ ပြန်ရောက်လာတယ် ချင်းတွေရော ဒီအတိုင်းဘဲ သဘောမတူဘူး လွတ်လပ်ရေးကို မလိုချင်ကြဘူး၊ ဒါပေမဲ့ ကချင်နဲ့ ရှမ်းတောင် လက်မှတ်ရေးထိုးတယ်ဆိုပြီးသူလည်း သဘောတူခဲ့တယ်၊ ပင်လုံမှာလက်မှတ်ရေးထိုးတာက ဗမာ ကိုယ်စား အောင်ဆန်း (ဖဆပလ) ခေါင်းဆောင် လက်မှတ်ထိုးတယ် ကချင်၊ ရှမ်း၊ ချင်း လေးဦး သဘောတူပြီး ပင်လုံမှာ စာချုပ်ချုပ်ခဲ့တာဖြစ်ပါတယ်၊ ၁၉၄၈ ဇန်န၀ါရီ ၄ မှာ လွတ်လပ်ရေး ရတာဖြစ်တယ်၊ ဒါပေမဲ့ ရှင့်အဖေ ပေးထားတဲ့ ကတိစကားကို ကျွန်မတို့ အရမ်းအားကိုးနားထောင်ပြီး လက်ခံထားတာကို အောင်ဆန်းမရှိတော့လို့ ကျွန်မတို့ အရမ်းဝမ်းနည်းပြီး စိတ်ပျက်သွားတယ်၊ အဲဒီအချိန်က စပြီး ကျွန်မတို့ ကချင်တွေက ဘာ အခွင့်အရေးမှ မရတော့တာပါ၊ ဦးနုက ဖဆပလ (ဥက္ကဋ္ဌ) တက်လာတော့ ကချင်တွေကို ဘာမှ မဟုတ်သလို ဆက်ဆံခဲ့တာပါ၊ ဒီလိုနဲ့ ကျွန်မတို့ ကချင်ပြည်နယ် တရုတ်ပြည်နယ်စပ်က ဖီမော်၊ လံကိုင် နယ်မြေကို ဘယ်သူ့ကိုမှ မတိုင်ပင်ဘဲ တရုတ်တွေကို ရောင်းစားလိုက်တာဟုတ်တယ်။ ဒါကြောင့် အရမ်းဝမ်းနည်းတယ် အခုထိလည်း ၀မ်းနည်းနေတုန်းပါဘဲ။ ၁၉၆၂ မှာ ကျွန်မတို့ ကချင်တွေ သူပုန်ထလာတာဖြစ်တယ်၊ ဒါဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတော်ဘာသာ ဆိုတာကို ဘယ်သူ့ကိုမှ တိုင်ပင်တာမရှိပဲ ဦးနု သူ့ဟာသူ စီစဉ်လုပ်ခဲ့တယ် နိုင်ငံတော်ဘာသာမှာ ဆိုရင် (တစ်နိုင်ငံလုံး ဗုဒ္ဓဘာသာ ဖြစ်ရမယ်ဆိုတဲ့ ဦးတည်ချက်နဲ့သွားရမယ်) ကျန်တဲ့ ခရစ်ယာန် ၊နတ်စား ၊ စတဲ့ ဘာသာတွေကို နှိမ်သလိုဖြစ်လာပြီး ဒါကြောင့် KIO တော်လှန်ရေးစလာတာပါ၊ ကချင်တော်လှန်ရေးကိုစခဲ့တာ နော်ဆိုင်းဟုတ်ပါတယ် နော်ဆိုင်းက ရှမ်းပြည်ကနေ ကချင်ဖက်ကိုတက်လာတော့ သူ့ကို ဘယ်သူမှ ကြိုဆိုထောက်ခံမဲ့သူ မရှိလို့ နော်ဆိုင်းက တရုတ်ကွန်မြူနစ်တွေနဲ့ ပေါင်းသွားတာဖြစ်တယ်။ ကျွန်မတို့ ကချင်တွေက မြန်မာတွေကို သတ်မယ်ဖြတ်မယ်ဆိုတဲ့ စိတ်ဓာတ်လုံးဝ မရှိပါဘူး ဗမာကို မုန်းရအောင်နော်ဆိုတဲ့ စိတ်လည်းမရှိပါဘူး၊ ဒါပေမယ့် ကိုယ့်နိုင်ငံကိုယ့်ပြည်ကို ကိုယ်ပိုင်ဆိုင်ခွင့် အရင်က ပိုင်ဆိုင်သလို ပိုင်ဆိုင်ခွင့် ကိုယ့်နိုင်ငံကြီးပွားတိုးတက်ဖို့ ကိုယ့်ခြေထောက်ကိုယ် ရပ်တည်သွားမယ် ဆိုပြီး ပြောကြည့်ရင်လည်း မဖြစ်လို့ တော်လှန်ရေး KIO ဆိုတာ ဖြစ်လာတာဟုတ်တယ်၊ ဒီနေ့ အထိလည်း ဒါပါပဲ တခြားတော့ ဘာမှမဟုတ်ဘူး အပစ်ခေတ်ရပ်စဲရေးကို ၁၇ နှစ်ကြာအောင် ပြန်လုပ်ခဲ့ပြီးပြီး ကျွန်မတို့ အရမ်းပျော်ရွင်ခဲ့ပါတယ်၊ ဒီအပစ်ခတ်ရပ်စဲရေး လုပ်ပြီး တော့ နောက်တစ်ဆင့်အနေနဲ့ ငြိမ်းချမ်းရေး လုပ်ဖို့ လိုအပ်လာတယ်၊ အပစ်အခတ်ရပ်စဲရေးက ငြိမ်းချမ်းရေးမဟုတ်ဘူး..ငြိမ်းချမ်းရေး ဆိုတာ နိုင်ငံရေးအရ စားပွဲပေါ်မှာ ပြုလုပ်ဖို့ဖြစ်တာ ဒါကို လုပ်ခွင့်မပေးဘူး KIO အနေနဲ့ ခဏခဏတောင်းဆိုတယ် မလုပ်ပေးခဲ့ဘူး “ပြည်သူ့အစိုးရပေါ်လာတော့မယ် မင်းတို့ သိပ်မလောကြနဲ့ ဆိုပြီးပြန်ပြောတယ်” ပြည်သူ့အစိုးရ ပေါ်လာပြီး အစည်းအဝေးတောင် မလုပ်သေးဘူး သူတို့ အရင်ပစ်တယ် ၂၀၁၂ ဇွန် ၉ မှာ စစ်စဖြစ်တယ်။ အခု ကချင်ပြည်နယ်မှ မြန်မာစစ်သား ၁သိန်းကျော်ပြီး သိလား.. ဒုံးကျည် ၂သောင်း ရောက်နေတယ်.. အမြောက်တွေလည်း အများကြီးရောက်နေတယ် ကချင်နဲ့ခရစ်ယာန်တွေကို အမြစ်ပြတ်သွားအောင် လုပ်သွားမှာဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အပြင်က လောဘ စိတ်ကြောင့်ဟုတ်တယ် ကျွန်မတို့ကချင်ပြည်နယ်မှာ သံယဇာတပေါများတယ် ဒါကြောင့်နယ်မြေကို လုယူပိုင်ဆိုင်ချင်လို့ဖြစ်တယ် လို့ ကျွန်မတို့ ကတော့ ဒီလိုပဲ ထင်ကြပါတယ်။ ကချင်လွတ်လပ်ရေးအဖွဲ့ ကတောင်းဆိုထားတာကက (၁) ပင်လုံစာချုပ် ပင်လုံစိတ်ဓာတ် နိုင်ငံရေးကို နိုင်ငံရေးလို စားပွဲပေါ်မှာ ပင်လုံ အခြေခံပြီး ဆွေးနွေးမယ် (၂ ) ကချင်ပြည်နယ် ရောက်နေတဲ့ တပ်မတော်သားတွေ ကို ကိုယ့်နေရာကိုယ်ပြန်ဆုတ်ခိုင်း ဒါဆိုရင် အပစ်အခတ်ရပ်မယ် စာချုပ်ချုပ်မယ်ဆိုရင်နိုင်ငံတကာက လူတွေကိုခေါ်ပြီး စာချုပ်ချုပ်မယ်ဆိုပြီးတောင်းဆိုထားတာ အခုထိတော့ဘာမှ အကြောင်းပြန်လာတာ မရှိသေးဘူး၊ ဒေါ်စုက အံသြစွာနဲ့ လည်ပင်းတောင် စောင်းတယ် ကျွန်မပြောတာကို နားထောင်နေတာ သူက ဘာမှမသိတဲ့ပုံပဲ မင်းကအဲဒီတုန်းက ငယ်သေးတယ်လေ ပြီးတော့ မင်းအမေနောက်လိုက်သွားရတော့ ငါတို့ဒီက သမိုင်းကြောင်းကို ဘာမှ မသိလိုက်ဘူးပေါ့ လို့ကျွန်မပြောခဲ့တယ်။ အထက်က ပြောဆိုခဲ့သည်များမှာ ဒေါ်အောင်ဆန်းစုကြည်အား ဒေါ်အင်ဖန်ဂျာရာက ပြောဆိုခဲ့သည့် စကားများကို ၎င်းကိုယ်တိုင် ပြန်လည်ပြောပြတာ ဖြစ်ပါတယ်။ ထိုနေ့ညက ရှင်းပြအပြီး ဒေါ်အောင်ဆန်းစုကြည်အား သူပြောချင်တဲ့ စကားတစ်ခွန်းဖြစ်သည့် “မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ် အခုလည်း မြန်မာ့နည်းမြန်မာ့ဟန် ဒီမိုကရေစီ မလုပ်ရင်ကောင်းတယ်” ဆိုတာကို မီးပျက်သွားတာကြောင့် မပြောလိုက်ရဘူးလို့ ဒေါ်အင်ဖန်ဂျာရာ က YPI ကိုပြန်ပြောပြပါတယ်။ အဲဒီ့နောက် YPI သတင်းထောက်က ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် ကချင်ပြည်နယ်သို့ လာသည်ထင်သလဲ ဟုမေးရာ “ ဒေါ်အောင်ဆန်းစုကြည် ပါတီစည်းရုံးရေး ထွက်လာတယ် ထင်တာပဲ” လို့ဖြေဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ် လာတဲ့အပေါ် ဘာမျှော်လင့်ထားလဲ ဆိုတဲ့ မေးခွန်းကိုတော့ “ ဘာမှ ထူးထူးခြားခြား မမျှော်လင့်ပါဘူး၊ ပါတီစည်းရုံးရေး သက်သက်ပဲ ထွက်လာတယ်၊ တကယ်လို့ သူရွေးကောက်ပွဲမှာ နိုင်လို့ လွှတ်တော်မှာ ၀င်ထိုင်ဖြစ်ရင်တော့ ကချင်ပြည်နယ်အတွက် မျှော်လင့်ချက် အတော်များများ ရှိတယ် ” လို့ဖြေသွားပါတယ်။

Friday 24 February 2012

Burma soldier and Burmese-born US Marine

http://www.youtube.com/watch?v=EknTt3aCDKc&feature=relmfu In Burmese - summary The first interviewee compares what little he got from the Burmese government with the disability support he gets from the US government in Fort Wayne, Indiana.

Saturday 4 February 2012

Burmese born poet Ko Ko Thett translates Symborska

Yahoo! Mail true love: a tribute to Szymborska (1923-1212) Saturday, February 4, 2012 4:03 PM Just noticed Szymborska died on 1 Feb! I was oblivious to her passing when I gave her poem 'true love' in translation to kaungkin the other day, for Valentine's. I am just passing through, it’s a five-minute stop. I won’t catch what is distant: what’s too close, I’ll mix up. While trying to plumb what the void's inner sense is, I'm bound to pass by all these poppies and pansies. What a loss when you think how much effort was spent perfecting this petal, this pistil, this scent for the one-time appearance, which is all they're allowed, so aloofly precise and so fragilely proud. from 'Birthday' translated from Polish by Stanislaw Baranczak and Clare Cavanagh She has passed through. Her one-time appearance is intransient. -- KKt ko ko thett အချစ်စစ် အချစ်စစ်တဲ့၊ ပုံမှန်မှဟုတ်ရဲ့လား အလေးအနက်လား၊ လက်တွေ့ရောကျရဲ့လား နှစ်ယောက်တည်းတစ်ကမ္ဘာလုပ်နေတဲ့ လူနှစ်ယောက်က ဒီကမ္ဘာကြီးကို ဘာပေးနိုင်မှာတဲ့တုန်း။ အကြောင်းပြချက် ခြေခြေမြစ်မြစ် မရှိဘဲ မဏ္ဍပ်တိုင်ထူလိုက်ကြ သန်းပေါင်းများစွာထဲက တစ်ယောတ်ကို စုံလုံးကန်း ရွေးလိုက်ပြီးမှ ဒါဟာ ဒီလိုပဲဖြစ်ရမယ်လို့ ယုံကြည်လိုက်ကြ ဘာအတွက်လဲ - သဲထဲရေသွန်။ ရုတ်တရက် သက်ဆင်း လာတဲ့ အလင်းတန်း။ ဘာကြောင့် တခြားသူတွေပေါ် မကျဘဲ ဒင်းတို့ နှစ်ယောက်ပေါ်ကျ ဒါဟာ တရားမျှတမှုကို ပါးချတာမဟုတ်လား - ဟုတ်ပါ့။ ဒါဟာ ကျားကုတ်ကျားခဲ ထူထောင်ခဲ့ရတဲ့ စည်းမျည်းတွေကို ချိုးဖောက်တာ၊ အထွဋ်အထိပ် ရောက်ပြီးသား ကျင့်ဝတ်တွေကို လွှင့်ပစ်တာ - ဒါတွေအားလုံးဟုတ်။ အဲဒီစုံတွဲ သဲနေပုံကိုကြည့်။ သိုသိုသိပ်သိပ်မနေနိုင်ကြဘူးလား သူငယ်ချင်းတွေကို စာနာစိတ်နဲ့ စိတ်ဓာတ်ကျချင်ယောင်ဆောင် မနေသင့်ဘူးလား။ နားထောင်ကြည့် ဒင်းတို့ရယ်သံကိုက- စော်ကားမော်ကား။ ဒင်းတို့ပြောတဲ့စကားတွေက ရိုးလွန်းလို့ယုံနိုင်စရာမရှိ။ ဒင်းတို့ရဲ့ အသေးအမွှားပျော်ပွဲတွေ၊ အပရိက ထုံးတမ်းစဉ်လာတွေ၊ အပိုဆာလား အပြန်အလှန် နိစ္စဓူဝတွေ - သေချာတာက အချစ်စစ်ဆိုတာ လူသားမျိုးနွယ်ရဲ့ နောက်ကြောက ကလိန်ခြုံမှု။ လူတိုင်းသာ သူတို့လို အတုမြင်အတတ်သင်ဖြစ်ကုန်ရင် ဒုက္ခ တွေးတောင်မတွေးရဲ။ ဘာသာတရားနဲ့ ကဗျာကို ဘယ်ပေါ်သွားထားမလဲ။ ဘာတွေကိုတသ၊ ဘာတွေကိုစွန့်ပစ်ရမှာလဲ၊ ဘယ်သူတွေကများ အနှောင်အဖွဲ့တွေကြား နေချင်ပါတော့မလဲ။ အချစ်စစ်တဲ့၊ တကယ် လိုအပ်လို့လား။ အရှက်ကွဲမှုတစ်ခု ဘဝရဲ့အမြင့်ဆုံး အသိုင်းအဝိုင်းတွေထဲ လူသူမသိ ကျော်ဖြတ်သွားပုံမျိုး လိမ္မာရေးခြားရှိမှုနဲ့၊ လူပိန်းတွေးတွေးမှုက အချစ်စစ်ကို ဖြတ်ကျော်ဖို့ ငါတို့ကို ပြောတယ်။ ခြောက်ပြစ်ကင်း သားသမီးရတနာလေးတွေမွေးဖို့ အချစ်စစ်မလို။ အချစ်စစ် ဆိုတာ ဒုလ္လဘမို့ သူ့အားကိုးနေရင် နောင်နှစ်တစ်သန်းလည်း ကမ္ဘာ့လူဦးရေ တိုးတက်မှာမဟုတ်။ အချစ်စစ်ကို မကြုံဖူးတဲ့လူတွေ အချစ်စစ်ဆိုတာ လောကမှာမရှိဘူးလို့ ပြောကြပါစေ။ အဲဒီလိုယုံတော့ သူတို့တွေ အနေဖြောင့် အသေဖြောင့်တာပေါ့။ ဗစ်စ်ဝါဘာ ရှင်ဘော်စကာ နိုဘယ်လ်ဆုရ ပိုလန်ကဗျာဆရာမ Wislawa Szymborska (1923-1212) ၏ true love။ Stanislaw Baranczak နှင့် Clare Cavanagh က အင်္ဂလိပ်လိုပြန်ထားသောမူကို ကိုကိုသက် မြန်မာမှုပြုသည်။
Outsider artist in Texas with bottle cap art - photo Copyright Kyi May Kaung - with permission of the artist, 2011.